၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပညာသင်ထောက်ပံ့ကြေးလျှောက်လွှာ

ပညာသင်ထောက်ပံ့ကြေးဆု ကြေညာချက် (ပထမနှစ် ကျောင်းသား၊ ကျောင်းသူများ)

*** *** *** *** *** *** *** *** *** *** *** *** *** *** *** *** ***

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် (၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်) ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)တွင် ပထမနှစ်တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးဆု (တစ်လ ၃၀၀၀၀ ကျပ်ဖြင့် ၁၀ လ) ကို စိစစ်ရွေးချယ် ချီးမြှင့်မည်ဖြစ်ပါသည်။

အဆိုပါ ပညာသင်ထောက်ပံ့ကြေး လျှောက်ထားလိုသူ ကျောင်းသား၊ ကျောင်းသူများသည် ပညာသင်ထောက်ပံ့ကြေး လျှောက်လွှာပုံစံများကိုပြည့်စုံစွာဖြည့်ပြီး (၁၂-၈-၂၀၂၀) ရက်နေ့ နောက်ဆုံးထား၍  ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)၊ ကျောင်းသားရေးရာဌာနသို့ လျှောက်လွှာများ ပေးပို့လျှောက်ထားနိုင်ပါကြောင်းနှင့် (လိုအပ်ပါက) ပညာသင်ထောက်ပံ့ကြေး လျှောက်လွှာပုံစံကို ကျောင်းသားရေးရာဌာနတွင် အခမဲ့ထုတ်ယူနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

(မရှင်းလင်းသည်များ၊ အသေးစိတ်သိရှိလိုသည်များ ရှိပါက ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)၊ ကျောင်းသားရေးရာဌာနသို့ (ဖုန်း-09442432225) စုံစမ်းမေးမြန်းနိုင်ပါကြောင်း။)

Please follow and like us:

Leave a Reply

Your email address will not be published. Required fields are marked *